'' ထိရောက်တဲ့ တင်ပြမှု (Presentation) အတွက် လုပ်ဆောင်ရမယ့်အချက်များ ''

ဘယ်လိုအသက်မွေးဝမ်းကြောင်းမှာမဆို ထိရောက်တဲ့ တင်ပြမှုမှာ အောင်မြင်မှုရရှိဖို့ အရေးပါတဲ့ အချက်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျောင်းသားတွေကို ကောင်းမွန်တဲ့တင်ပြမှု ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ကြားပြသပေးလိုပါတယ်။ လိုအပ်ချက်တွေရှိတဲ့ တင်ပြမှုတွေကို ကျွန်ုပ်တို့ ကြုံခဲ့ကြဖူးပါလိမ့်မယ်။ တချို့တင်ပြမှုတွေမှာ လူသိများတဲ့ ပညာရှင်တွေရဲ့ တင်ပြမှုတွေတောင်မှ ပါဝင်နေပါတယ်။ ကျွန်ုပ်တို့တွက် အဲ့ဒီလို အံ့သြသင့်စရာ မဖြစ်ရအောင် လိုအပ်တဲ့လမ်းညွှန်မှုနဲ့ ရှောင်ရှားဖို့ ညံ့ဖျင်းတဲ့ဆက်ဆံရေး နည်းလမ်းများအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အောက်ပါ ဆောင်ရန် ရှောင်ရန်အချက်တို့မှာ ပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့်လည်း တင်ပြမှု (Presentation) အတွက် အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဓာတုဗေဒပညာရှင်တွေဟာ နယ်ပယ်အသီးသီးမှ သိပ္ပံပညာရှင်များ၊ ရန်ပုံငွေပံ့ပိုးသူများ၊ အစိုးရမူဝါဒ ချမှတ်သူများ၊ စက်မှုလုပ်ဖော်ကိုင်ဖက်များ၊ အများပြည်သူတို့နဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကောင်းစွာ ဆက်သွယ်တင်ပြပြောဆိုနိုင်ပါက၊ ဓာတုဗေဒလုပ်ငန်းရဲ့ အနာဂတ်ဟာ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ ပိုမိုအောင်မြင်လာနိုင်မှာ ဖြစ်ပါတယ်။

စာနဲ့ ထုတ်ဝေမှုတစ်ခုကို ထပ်ခါတလဲလဲဖတ်ရှုနိုင်ပေမယ့်လည်း တင်ပြမှု (Presentation) တစ်ခုမှာ တစ်ခါတည်း ချက်ချင်းပြုလုပ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်ဝေမှုတစ်ခုရေးသားခြင်းအတွက် စည်းမျဉ်းတွေဟာ တင်ဆက်မှု ပြင်ဆင်ခြင်းဆိုင်ရာ စည်းမျဉ်းများနဲ့ ကွဲပြားပါတယ်။ အကောင်းဆုံးတင်ဆက်မှုကို တိုင်းတာရင် အချက်အလက်တင်ပြမှုမှ ဆူညံသံအထိ ပါဝင်ပါတယ်။ တင်ဆက်မှု ကိစ္စမှာ အချက်ပြမှုဟာ ရှင်းလင်းတဲ့ သတင်းစကားပေးပို့ခြင်းပဲ ဖြစ်ပါတယ်။ ဆူညံသံဆိုရာမှာ သတင်းအချက် အလက်များ အလွန်အကျွံ ပါဝင်ခြင်း၊ ညံ့ဖျင်းတဲ့ slide များ၊ ဖြည့်စွက်စကားလုံးအပိုများ ဖြစ်တဲ့ “အွမ်” နဲ့ “အာ” တို့ကို လျှော့ရပါမယ်။တင်ဆက်မှုတစ်ခုကို စတင်ပြင်ဆင်ခြင်းမပြုမီ မရှိမဖြစ်လိုအပ်တဲ့ ထည့်သွင်းစဉ်းစားစရာ နှစ်ချက်မှာ အောက်ပါ မေးခွန်းများ ဖြစ်ပါတယ်။

၁. သင်ပေးချင်တဲ့ အကြောင်းအရာက ဘာလဲ။ ပရိသတ်က ဘာကြောင့် သင်တင်ပြမယ့် အကြောင်းအရာကို သိဖို့လိုသလဲနဲ့ အဲဒီအကြောင်းအရာက သူတို့အပေါ် ပရော်ဖက်ရှင်နယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ ဘယ်လို သက်ရောက်မှုရှိပါသလဲ၊ ဘယ်လောက်အရေးပါသလဲဆိုတာများကို သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်းဖြစ်ရမယ်။

၂. သင်အကြောင်းအရာ ဖော်ပြရာမှာ ဥပမာအနေနဲ့ ဘယ်ဇာတ်လမ်းကို အသုံးပြုမလဲ။ အဲဒီလို အသုံးပြုခြင်းဟာ သင့်ရဲ့ ပရိတ်သတ်ကို အာရုံစိုက်လာစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ဖို့ ပထမဆုံး သင့်ပရိသတ်က ဘယ်သူတွေလဲ၊ သူတို့ဟာ သင်နဲ့ ပရော်ဖက်ရှင်နယ်ပယ် တူသလား၊ မတူကွဲပြားတဲ့ ပညာရှင်အဖွဲ့ ဒါမှမဟုတ်၊ ယေဘူယျ သာမန်ပရိသတ်တွေလား သိရမှာ ဖြစ်ပါတယ်။

'' Presentation Slide များ ''

ကျွန်ုပ်တို့အများစုမှာ တင်ပြမှုတွေအတွက် Slide တွေကို အသုံးပြုလေ့ရှိကြပါတယ်။ အနှစ်ချုပ်အချက်အလက်တွေနဲ့ စတင်သင့်ပါတယ်။ Slide နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အလေ့အထကောင်းများမှာ-

၁. စာမူများမှ ပုံများကို တိုက်ရိုက်ပြန်မထည့်ပါနဲ့။ ပရိသတ်ကို မက်ဆေ့ချ်ပေးပြီး အတွေးများ သွားစေလို့ပါ။ စာဖတ်သူအနေနဲ့ စာမူမှာပါတဲ့ပုံကို တစ်နာရီကြာအောင် ကြည့်လို့ရနိုင်ပေမယ့် တင်ဆက်မှု အချိန်မှာမူ ကြည့်ချိန် တစ်မိနစ်အောက်သာ ရနိုင်ပါတယ်။ ဒါကြောင့် ပုံက ရိုးရှင်းဖို့လိုအပ်ပါတယ်။

၂. Slide တစ်ခုမှာ ထည့်တဲ့ပုံရဲ့ အစိတ်ပိုင်းတိုင်းမှာ တကယ်လိုအပ်ရဲ့လား ပြန်မေးရပါမယ်။ လိုချင်လိုနိုင်တယ်ဆိုတာမျိုးဆို မထည့်ပါနဲ့။ Slide တစ်ခုတည်းမှာ ရှုပ်ယှက်ခပ်အောင် ထည့်ထားခြင်းက Slide အများစုကို လျစ်လျူရှုဖို့ ဖြစ်စေတာကြောင့် ဆက်စပ်မှုမရှိတာတွေကို မပြပါနဲ့။

၃. Slide တွေကို အမြင်အာရုံ ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပါ။ နားထောင်သူ ပရိတ်သတ်မှာ slide တွေဆီက အချက်အလက်ရယူဖို့ အချိန်အများကြီး မရှိနိုင်တာကြောင့် သုံးထားတဲ့ စာလုံးဒီဇိုင်းအမျိုးအစား၊ အ‌ရောင် စတာတွေကြောင့် အနှောက်ယှက်မဖြစ်ပါစေနဲ့။

၄. စာသားကို ကန့်သတ်ပါ။ slide တစ်ခုမှာ မက်ဆေ့ချ်တစ်ခုသာ ဖော်ပြရပါမယ်။ တင်ဆက်မှုမှာ မိမိကိုယ်ကိုယ် အကူအညီရစေဖို့ slide တွေမှာ စာသားများစွာ ထည့်တာမျိုးတွေ အဲဒီလို ပြုလုပ်ခြင်းက မလိုလားမှုများနဲ့ပဲ အဆုံးသတ်စေပါတယ်။ slide ခေါင်းစဉ်မှာလည်း သတ်မှတ်ချက်ရှိပါတယ်။ slide မှာဖော်ပြမယ့် အသေးစိတ် အကြောင်းအရာတွေကို စုပေါင်းပြီး တစ်ချက်တည်းနဲ့ ဖော်ပြရပါမယ်။ ခေါင်းစဉ်ဟာ slide က ဖော်ပြလိုတဲ့ မက်ဆေ့ချ်ကို တစ်ချက်တည်းနဲ့ ဖော်ပြအားဖြည့်ပေးခြင်းပဲ ဖြစ်ပါတယ်။

'' လေ့ကျင့်ခြင်း ''

တင်ပြမှုသည် slide အမြင်သာမက အပြောပေါ်မှာလည်း မှီနေရပါတယ်။ ကျွန်ုပ်တို့ အများစုမှာ slide တွေ ပြုလုပ်ရတာကို နှစ်သက်ပေမယ့်လည်း ပညာရှင်များကမူ ပရိတ်သတ်ထံ စကားပြောရခြင်းကို နှစ်သက်ကြပါတယ်။ ဒါကြောင့်တင်ပြမှုအပြည့်အစုံကို လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ လေ့ကျင့်ပါ။ Slide တွေကို ကြည့်ခြင်းထက် ပြောလိုတာကို နှုတ်နဲ့ပြောခြင်းကသာ တကယ့်ရပ်တည်မှုကို ဖော်ပြရာရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး လေ့ကျင့်ခြင်းနဲ့ တိုးတက်အောင်လုပ်ပါ။ Presentation ရဲ့ flow ကို သေချာအောင်လုပ်ပါ။

ဟောပြောချက်ရဲ့ အဓိကကျတဲ့ သတင်းစကားတွေက ရှင်းလင်းမှုရှိနေပါစေ။ တင်ဆက်မှုတွေ ဘယ်လောက် ကြာကြာ လုပ်လို့ရနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ တင်ဆက်သူမှ နောက်ဆုံး ၅-၁၀ ခု slide များကို ကျော်သွားခြင်း ဒါမှမဟုတ် အမြန်နှုန်းနဲ့ ပြောသွားမယ်ဆိုရင် ဘယ်သူ့ဆီကမှ အာရုံစူးစိုက်မှုရနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုပြုလုပ်ခြင်းက နားထောင်သူပရိတ်သတ်ကို တင်ပြမှုတစ်ခုလုံးအပေါ် အလွန်ညံ့ဖျင်းတယ်လို့ မြင်စေပါတယ်။ တင်ဆက်မှုကို အချိန်စောပြီး အဆုံးသတ်နိုင်မှုဟာ အမှန်တကယ် ကောင်းပါတယ်။ ပိုမိုထိရောက်စွာ သရုပ်ပြဖို့ လေ့ကျင့်ခြင်းရဲ့ အရေးပါမှုတို့ကိုလည်း စဉ်းစားပါ။ ပုံမှန်တင်ဆက်မှုတစ်ခုမှာ လက်တွေ့အတွက် နှစ်ပေါင်း များစွာကြာအောင် အလုပ်လုပ်ပေးနိုင်တယ်ဆိုတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆောင်းပါးရှင် Craig J. Hawker ရဲ့ ၂၀၁၃ တွင်ရေးသားခဲ့တဲ့ “Effective Presentations—A Must” ဆောင်းပါးကို သင့်လျော်စွာ ဘာသာပြန်ဆိုထားပါတယ်။

 

Dr. Thel Seint Aye

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY),

M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)