Servant Leadership and Bamboo Leadership

Servant leadership

American Telephone and Telegraph (ATT) မှာ အနှစ် ၄၀ ကျော် အလုပ်လုပ်ခဲ့တဲ့ Robert Greenleaf က Servant Leadership ဆိုတဲ့ စကားလုံးကို ၁၉၇၀ ခုနှစ်မှာစပြီး သုံးနှုန်းခဲ့ပါတယ်။ ဦးဆောင်သူတွေဟာ အလွန်ကို Effective ဖြစ်လာပြီဆိုရင်တော့ Servant တွေလို ဖြစ်လာတယ်လို့ ပြောခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေရောက်လာတော့ Servant Leadership ဆိုတဲ့သဘောတရားကို warren Bennis, Stephen Covey, Peter Serge စတဲ့ ပညာရှင်တွေကလည်း အပြုသဘောအဖြစ် စပြီးလက်ခံ ပြောဆို သုံးစွဲလာကြပါတယ်။Servant Leadership ဆိုတာက Follower တွေ တိုးတက်စေဖို့အတွက် လိုအပ်တာအားလုံးကို ပံ့ပိုးပေး (Serve) တာ ဖြစ်ပါတယ်။ Follower တွေ တိုးတက်အောင်မြင်သာယာပျော်ရွှင်နေမှ လုပ်ငန်းလည်း အောင်မြင်မယ်လို့ ယုံကြည်ကြပါတယ်။

Transformational Leadership နဲ့ Servant Leadership တို့ရဲ့ အဓိကကွာခြားချက်တွေကတော့ ..

၁။ Transformational Leadership က Organizational outcome ကို အဓိကဦးတည်ချက်အဖြစ် ထားရှိ လုပ်ဆောင်ပြီး၊ Servant Leadership ကတော့ Individual development and well-being ကို အရင်ဦးတည်ဆောင်ရွက်ပေးလိုက်ရင်၊ အဖွဲ့ဝင်တွေက Organizational outcome ကို ရအောင် လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်လက်ခံကြပါတယ်။

၂။ Transformational Leader တွေ က Organization အတွက် ပံ့ပိုးမှုကိုအဓိကထားပြီး Servant Leader တွေက Followers တွေအပေါ်မှာ ပံ့ပိုးမှုပေးဖို့ကို အဓိကထားပါတယ်။ အဲ့ဒီကမှတစ်ဆင့် Organization အတွက် ကြိုးစားလုပ်ဆောင်ကြခြင်းဆိုတဲ့ပုံစံကို လုပ်ဆောင်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် Servant Leader တွေမှာ ရှိရမယ့် စရိုက်လက္ခဏာ ၁၀ ချက် ..

၁။ Follower တွေပြောတာကို ကောင်းကောင်းနားထောင်ပေးခြင်း (Listening)

၂။ Follower တွေကို စာနာစိတ်ရှိခြင်း (Empathy)

၃။ Follower တွေရဲ့ ပြသနာအရပ်ရပ်ကို ကူညီဖြေရှင်းပေးခြင်း (Healing)

၄။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိရှိနားလည်ခြင်းနဲ့ သူတစ်ပါးကို၊ အခြေအနေအရပ်ရပ်ကို ကောင်းစွာသိရှိနားလည်ခြင်း။ (Awareness)

၅။ ကိုယ့်ရဲ့ ရာထူးဩဇာအာဏာတွေကိုမသုံးဘဲ သိမ်မွေ့ငြင်သာစွာနဲ့ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ခြင်း (Persuasion)

၆။ အခြေအနေ၊ အချိန်အခါနဲ့ သင့်တော်တဲ့ ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေ၊ လမ်းကြောင်းတွေကို ချမှတ်ပေးနိုင်ခြင်း။ (Conceptualization)

၇။ အနာဂတ်မှာဖြစ်လာနိုင်ခြေတွေကို ကြိုတင်ခန့်မှန်းသုံးသပ်ပြီး ပြင်ဆင်ထားခြင်း။ ဖြစ်လာတဲ့ ပြသနာတွေအတွက်လည်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (Foresight)

၈။ Leader တစ်ယောက်ရဲ့တာဝန်ကို လိုလိုလားလားလက်ခံပြီး၊ ကိုယ်တာဝန်ယူထားတဲ့ Followers တွေကိုလည်း ဂရုတစိုက် စီမံခန့်ခွဲလုပ်ဆောင်ပေးခြင်း (Stewardship)

၉။ Followers တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေနဲ့ တန်ဖိုးထားမှုတွေကို သိရှိနားလည်ပြီး၊ သူတို့ရဲ့ personal ပိုင်းနဲ့ professional ပိုင်းတွေ တိုးတက်လာစေဖို့အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပံ့ပိုးပေးခြင်း (Commitment to follower growth)

၁၀။ Followers တွေကို တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်အပြင် အဖွဲ့လိုက်ဆောင်ရွက် လုပ်ကိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သေချာနားလည်လာအောင် ပြောဆိုပြသပေးပြီး အဖွဲ့လိုက်ဆောင်ရွက်လုပ်ကိုင် တတ်တဲ့ အလေ့အထဖြစ်လာအောင် ပံ့ပိုးဆောင်ရွက်ပေးခြင်း (Building community)

Servant Leadership ကို ဝေဖန်ကြတဲ့သူတွေက Serve လုပ်ခြင်းနဲ့ Lead လုပ်ခြင်းဆိုတာ ဆန့်ကျင်ဖက် ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ဦးဆောင်တယ်ဆိုတာက Follower တွေရဲ့ အခြေအနေ ပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း မူတည်နေတာကြောင့် Servant Leadership ကို လက်ခံနိုင်စွမ်း မရှိဘူးဆိုရင်တော့ ဒီလို Follower တွေကို Manage လုပ်သင့်ရင် လုပ်ရမယ်လို့လည်း ပြောဆိုကြပါတယ်။ Servant Leadership က မိမိကိုယ်ကိုနှိမ့်ချခြင်း၊ စစ်မှန်ခြင်း၊ Follower တွေက ဒီပုံစံနဲ့ ဦးဆောင်တာကို လက်ခံခြင်းဆိုတဲ့ အချက်တွေကို အသားပေးတာကြောင့် “ဝါးပင်”နဲ့ ခိုင်းနှိုင်းပြီးတော့လည်း Bamboo Leadership နဲ့လည်းတွဲပြီးပြောချင်ပါတယ်။

Bamboo Leadership

၁။ ဝါးပင်တွေဟာ ကြီးထွားမြန်ကြသလိုပဲ Bamboo Leader တွေဟာ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေကို လျင်မြန်ဆန်စွာနဲ့ ကောင်းမွန်စွာနားလည်နိုင်ခြင်း။

၂။ ဝါးကို စက္ကူ၊ အဝတ်အထည်တွေအတွက် အသုံးပြုနိုင်သလို၊ ငြမ်းလိုမျိုးခိုင်မာတောင့်တင်းပြီး အမြင့်ကိုတက်ရတဲ့နေရာမှာ ယုံကြည်စိတ်ချရတဲ့ ကြားခံကိရိယာအဖြစ်လည်း အသုံးပြုနိုင်လို့၊ စွယ်စုံသုံးလို့ ရတဲ့အရာဖြစ်သလို Bamboo Leader တွေကလည်း ဘက်စုံနားလည် တတ်ကျွမ်းကြတဲ့ သူတွေ ဖြစ်ကြပါတယ်။

၃။ ဝါးတွေဟာ အပိတ်မဟုတ် အတွင်းမှာဟောင်းလောင်း ဖြစ်နေတာဟာ အသစ်အသစ်တွေကို open-minded, open-hearted ဖြစ်ဖြစ် လေ့လာသင်ယူနေကြတာဖြစ်ပါတယ်။

၄။ဝါးပင်တွေဟာ အောက်ခြေခိုင်ပြီး အပေါ်ပိုင်းက လေယူရာအတိုင်း ဟန်ချက်ညီညီ ယိမ်းနွဲ့နိုင်စွမ်းရှိကြတဲ့ အပင်မျိုးဖြစ်သလို Bamboo Leader တွေကလည်း Flexible ဖြစ်ကြပါတယ်။

၅။ ဝါးကိုခြံစည်းရိုးကာဖို့ အသုံးပြုနိုင်သလိုပဲ အပြင်က ကောလဟလသတင်းတွေလို တန်ဖိုးမရှိတဲ့ အရာတွေကို ကိုယ့်ဘ၀ထဲကို အလွယ်တကူ အဝင်မခံသလို ကိုယ့်အထဲကလူတွေ ကိုယ့်အဖွဲ့ ဝင်တွေကိုလည်း လုံခြုံအောင် ကာကွယ်ပေးထားနိုင်စွမ်း ရှိပါတယ်။

၆။ ဝါးဆိုတာ ရာသီဥတုအမျိုးမျိုးတို့ရဲ့ဒဏ်၊ ပိုးမွှားပေါင်းစုံတို့ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိသလိုပဲ Bamboo Leader ကလည်း ခံနိုင်ရည်အား ကောင်းကြပါတယ်။

၇။ ဝါးတွေဟာ အသစ်တစ်ဖန် ဖြစ်ပေါ်လွယ်သလို သူ့ရဲ့သေးသေးလေး (မျှစ်စို့) ကစပြီး လူတွေအတွက် အကျိုးပြုနိုင်သလိုပဲ Bamboo Leader တွေကလည်း သူတို့ရဲ့ အသိဉာဏ်၊ ဗဟုသုတ၊ အတွေ့အကြုံ၊ အနည်းငယ်ကတောင်မှ သူ့ရဲ့လူတွေကို တိုးတက်စေနိုင်စွမ်း ရှိကြပါတယ်။

ဝါးကို လက်ဝယ်ရှိထားသူဟာ သူ့ရဲ့ အသိဉာဏ်နဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး၊ နေဖြစ်ရုံ တဲလေးဆောက်လို့ရသလို လူတွေအံ့ဩတကြီး ဖြစ်ရလောက်အောင်ထူးခြားလှတဲ့ အပန်းဖြေ နားခိုစရာနေရာတွေ၊ ဟိုတယ်တွေဖြစ်အောင်လည်း တည်ဆောက်နိုင်ပါတယ်။ အဲ့ဒီအတွက် တည် ဆောက်သူ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် သွေးနေဖို့တော့ အထူးလိုအပ်ပါတယ်။

Ref: Professor Tony Berry and Richard Bunning – Leadership

Wendy Appel (The Bamboo Leader)

 

Aye Aye Win

B. Com (Hons), M.Com (YUE),

Diploma in English, M.A (International Business Studies), (Sophia University, Japan)