'' E- commence Website မှာ ဝယ်သူ တိုးလာစေဖို့ ပြုလုပ်သင့်တဲ့ အချက် (၇) ချက် ''

ဒီတစ်ပတ် SFT ရဲ့ ဆောင်းပါးကဏ္ဍမှာတော့ E-commence Website တွေမှာ ဝယ်သူ တိုးလာစေဖို့ ပြုလုပ်သင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

1. ဝယ်ယူမှုအဆင့်များကို လွယ်ကူအောင်ပြုလုပ်ခြင်း။

နံပါတ်တစ်အချက်အနေနဲ့ ဝယ်သူတွေက Website ကနေတစ်ဆင့် ကုန်ပစ္စည်းဝယ်ယူတဲ့အခါမှာ Check Out ပြုလုပ်တဲ့အဆင့်ကို အလွယ်ကူဆုံးနဲ့ ချောမွေ့မြန်ဆန်အောင် ပြုလုပ်ထားရပါမယ်။ ဝယ်သူတွေဘက်ကနေ စဉ်းစားပေးပြီး အလွယ်ကူဆုံးဖြစ်နိုင်မယ့် process ကို စဉ်းစားပေးရပါမယ် (ဥပမာ ကျွန်တော်တို့နိုင်ငံမှာဆိုရင် Email အသုံးပြုမှုနည်းတဲ့အတွက် Check Out Process တွေမှာ SMS confirm လုပ်ခိုင်းတာမျိုး၊ ငွေပေးချေမှုနည်းလမ်းတွေကို လွယ်ကူအောင် ပြုလုပ်ထားတာမျိုး)။ ဒါ့အပြင် Check Out Process မှာ ကြန့်ကြာမှု မဖြစ်အောင် အချက်အလက်တွေအများကြီးမတောင်းဆိုဘဲ မဖြစ်မနေလိုအပ်တဲ့ information များကိုသာ တောင်းဆိုပြီး တခြားအချက် အလက်များကို Check Out process အပြီး သီးခြားအခြေအနေမျိုးမှာသာ ထပ်တိုးတောင်းဆိုတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲ့လိုမှသာ ဝယ်သူတွေအနေနဲ့ information အချက်အလက်ဖြည့်ခိုင်းတဲ့အဆင့်မှာ ကြန့်ကြာတာမျိုးမဖြစ်ဘဲ အမြန်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

2. အရည်အသွေးကောင်းတဲ့ ဓာတ်ပုံများအသုံးပြုခြင်း။

ဒုတိယအချက်အနေနဲ့ E-commence site တွေမှာသုံးတဲ့ products ပုံတွေကို အရည်အသွေးကောင်းတဲ့ပုံတွေကိုပဲ အသုံးပြုသင့်ပါတယ်။ အရည်အသွေးကောင်းလို့ဆိုတဲ့အခါမှာ ပုံတွေရဲ့ Resolution အနိမ့် ၊ အမြင့်ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ မတူညီတဲ့ ရူ့ထောင့်အမျိုးမျိုးက ရိုက်ထားတာတွေလည်း ထည့်ပြီးသုံးသင့်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတဲ့အချက်က ရောင်းတဲ့ Product/Service နဲ့ပတ်သက်ပြီး ဒီ product/service ကို တကယ်အသုံးပြုနေတဲ့ ဝယ်သူတွေရဲ့ ပုံတွေကိုလည်း ထည့်သွင်းအသုံးပြုရပါမယ်။ ဒါမှသာ ဝယ်သူတွေအနေနဲ့ ကိုယ်ဝယ်ယူချင်တဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး ဒီဟာကိုတကယ်သုံးဖြစ်၊ ဝယ်ဖြစ်ရင် ဘယ်လိုမျိုးဖြစ်မလဲဆိုတာကို ခံစားပြီး ဝယ်ယူချင်စိတ်ကို ဖြစ်ပေါ်စေမှာပါ။

3. ကုန်ပစ္စည်း ၊ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်များကို သေချာရေးသားထားခြင်း။

Feature , Advantages, Benefits FAB ဆိုတဲ့အတိုင်း ကုန်ပစ္စည်း/ဝန်ဆောင်မှုရဲ့ အချက်အလက် အသွင်အပြင်တွေ၊ အသုံးပြုခြင်းအားဖြင့် ရလာမယ့် အားသာချက်တွေ၊ ဒီလိုမျိုး အားသားချက်တွေကနေတစ်ဆင့် ဝယ်သူတွေအနေနဲ့ ဘယ်လိုမျိုး အကျိုးကျေးဇူး ရလာမယ် ဆိုတာကို ဖော်ပြထားပေးမှသာ ဝယ်သူတွေအနေနဲ့ ဝယ်ယူချင်စိတ်ဖြစ်လာစေမှာပါ။ ဒီလိုမျိုးအချက်တွေအပြင် ဝယ်သူတွေရဲ့ စိတ်ထဲ ကိုလည်း emotional appeal ဆိုတဲ့ ဝယ်သူတွေရဲ့စိတ်ထဲမှာ ခံစားမှုတစ်ခုဖြစ်အောင် ရေးသားဖော်ပြသင့်ပါတယ်။ ဥပမာ တချို့ ကြော်ငြာတွေမှာဆိုရင် ဒီ Product/Services သုံးခြင်းအားဖြင့် ဘယ်လိုခံစားမိစေတယ် “ငယ်ဘဝကို အမှတ်ရစေတယ်ဆိုတာမျိုးတွေ ကြေငြာတွေမှာ တွေ့ဖူးကြပါလိမ့်မယ်။

4. Live Chat လုပ်လို့ရတဲ့ Feature ထည့်သွင်းထားခြင်း။

ဝယ်သူတွေအနေနဲ့ Product ဝယ်ယူတဲ့ အဆင့်မှာ အခက်အခဲတွေရှိလာရင်ပဲဖြစ်ဖြစ် Product/Service နဲ့ပတ်သက်တဲ့ ထပ်တိုးမေခွန်းတွေ ရှိလာတဲ့အခါမှာဖြစ်ဖြစ် ဖြေပေးနိုင်ဖို့အတွက်လည်း Live Chat feature ကိုလည်း ထည့်သွင်းထားရပါမယ်။ ecommerce site တွေနဲ့ မရင်းနှီးတဲ့ Facebook ကိုပဲ ဦးစားပေးအသုံးပြုတဲ့ ဒီနိုင်ငံမှာဆိုရင် Account Sign Up တို့ လုပ်တဲ့နေရာမှာ တချို့သုံးစွဲသူတွေအနေနဲ့ အခက်အခဲတွေရှိကြပါတယ်။ ဥပမာ ရှေ့ကို ဆက်သွားလို့မရတာမျိုး၊ အတည်ပြုကုတ်(Authentication) Code တွေမရောက် လာတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဝယ်သူတွေအတွက် မိမိအခက်အခဲ မေးခွန်းတွေကို အမြန်ဖြေရှင်းပေးနိုင်မှသာ ဝယ်ယူတဲ့အဆင့်ကို ရောက်လာပြီး ဝယ်သူ တိုးလာစေမှာဖြစ်ပါတယ်။

5. Abandoned Cart ဖြစ်သွားတဲ့ဝယ်သူတွေကို ပြန်လည်ဆွဲဆောင်ခြင်း။

ကျွန်တော်တို့ ecommerce site တွေကနေ ဈေးဝယ်တဲ့အခါမှာ ဝယ်တဲ့အဆင့်ထိ ရောက်သွားသလို ဝယ်ယူတဲ့အဆင့်ထိမရောက်သေးတဲ့ မဝယ်ဖြစ်လိုက်ဘဲ ပစ္စည်းရွေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီအတိုင်းထားလိုက်တဲ့ Abandoned Cart တွေလည်း အများကြီးရှိပါတယ်။ ဒီလိုမျိုးဝယ်သူတွေကို ပြန်လည် Target ထားပြီး Remarketing လုပ်ခြင်းကလည်း ဝယ်သူတွေ တိုးလာစေမှာဖြစ်ပါတယ်။ ဘယ်လို ဝယ်သူက ကိုယ့် Product/service ကို စိတ်ဝင်စားမှု ရှိ/မရှိ မသိဘဲ Marketing လုပ်နေတာထက် ကိုယ့် Product ကို စိတ်ဝင်စားမှုရှိခဲ့တဲ့ Abandoned Cart ထဲက ဝယ်သူကို ပြန်လည် Target ထားခြင်းဟာ ကိုယ့် Product ကို ဝယ်ယူဖို့ ရာခိုင်းနှုန်းလည်း ပိုများပြီး Acquisition Cost ကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

6. Website ကို မြန်ဆန်အောင်ပြုလုပ်ထားခြင်း။

Website က မြန်မြန်ဆန်ဆန်အလုပ်လုပ်နေမှသာ ဝယ်သူတွေအနေနဲ့ အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေစွာ ဈေးဝယ်နိုင်မှာဖြစ်ပါတယ်။ “The State of Online Retail Performance အဆိုအရ Website ရဲ့ speed တစ်စက္ကန့် နှောင့်နှေးခြင်းက ဝယ်ယူဖို့အတွက် 20%လျော့ကျစေပါတယ်” အဲဒါကြောင့် Website ကို မြန်ဆန်အောင် Image size တွေကို လျှော့ခြင်းနဲ့ တခြား Website ရဲ့မြန်နှုန်းကို ထိခိုက်စေတဲ့ အရာတွေကို ရှောင်ရှားရပါမယ်။ Website ရဲ့ Speed စမ်းသပ်ချင်တယ်ဆိုရင်တော့ Google ရဲ့ Page Speed Insights မှာ စမ်းသပ်ကြည့်လို့ရပါတယ်။

7. စမ်းသပ်အသုံးပြုခွင့်ပေးခြင်း။

နောက်ဆုံးအချက်အနေနဲ့ မိမိရဲ့ Product/Services တွေကို အမြည်းစမ်းသပ်သုံးစွဲခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ လုပ်ငန်းတိုင်း အတွက် လွယ်ကူတဲ့အချက်မဟုတ်ပေမယ့် ဝယ်သူတိုးလာစေဖို့ အချက်ထဲက တစ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ကုန်ပစ္စည်း တစ်ခုဝယ်ရင် တစ်ခုခုများ မှားသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ အမြဲရှိတတ်ပါတယ်။ ဒီဟာဝယ်ပြီးမှ ကိုယ်နဲ့အဆင်မပြေတာမျိုး ဖြစ်သွားမှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။ အဲ့လိုစိုးရိမ်ပြီး မဝယ်ဖြစ်သွားတဲ့ ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ ဒီလိုအခြေအနေ မျိုးတွေအတွက် "စမ်းသပ်အသုံးပြုခွင့်” ပေးခြင်းကလည်း ဒီစိုးရိမ်စိတ်တွေကို ဖြေရှင်းတဲ့ နည်းလမ်းထဲကတစ်ခု ဖြစ်ပါတယ်။ ဝယ်သူ တွေအနေနဲ့လည်း ပိုက်ဆံတကယ်မပေးရသေးဘဲ စမ်းသပ်သုံးစွဲပြီး နှစ်သက်မှသာ ရေရှည်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်း E-commence site တွေမှာဆိုရင် Trial သုံးစွဲဖို့အတွက် 7 days/10 days စသဖြင့် ပေးလာတာကိုတွေ့ရပါတယ်။ တချို့ E-commerce site တွေဆိုရင် “No Payment card needed” ဆို payment information တွေ ထည့်စရာမလိုဘဲ စမ်းသပ်သုံးစွဲနိုင်ပါတယ်။ (e.g Udemy site မှာဆိုရင် Learner အနေနဲ့ ဝယ်ယူထားတဲ့ course ကို မကြိုက်တော့ဘူးဆိုရင် ရက် ၃၀ အတွင်း မှာ Refund ပြန်ယူလို့ရပါတယ်။)

အထက်ဖော်ပြပါအချက်တွေအပြင် မိမိတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်းရဲ့ သသောသဘာဝပေါ်မူတည်ပြီး တခြားသောအချက်များလည်း ကျန်ရှိဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ (၇) ချက်အပြင် မိမိတို့ရဲ့ လုပ်ငန်းနဲ့ industry သဘောသဘာဝအပေါ် မူတည်ပြီး ဝယ်သူတွေအတွက် တန်းဖိုးရှိမယ့် Value များကို စဉ်ဆက်မပြတ်လေ့လာနေပြီး ဖန်တီးပေးမှာသာ ဝယ်သူများလာပြီး လုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Google’s Attract and Engage Customers with Digital Marketing သင်တန်းမှ သင်ခန်းစာကို ကောက်နုတ်တင်ပြပါသည်။

U Wai Yan Paing Zaw

MBA (Stamford International University, Thailand)