အနာဂတ်ခေါင်းဆောင်များအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းရဲ့ အခန်းကဏ္ဍ

အလျင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းထက် ပိုပြီးအရေးကြီးတယ်ဆိုတာ မရှိနိုင်ပါဘူး။ အနာဂတ်မှာ ခေါင်းဆောင်နိုင်တဲ့သူဖြစ်ဖို့အတွက် ကိစ္စရပ်များစွာကို လက်ခံကျင့်သုံးနိုင်တာနဲ့ ပါဝင်ဆောင်ရွက်နိုင်တာတွေက အားသာချက်ဖြစ်ယုံသာမက မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုလည်း ဖြစ်လာပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းက ယနေ့ခေတ်ခေါင်းဆောင်တွေအတွက် ဘယ်လိုအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာကို ဆက်လက်ပြောပြပေးပါမယ်။

ခေါင်းဆောင်မှုမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းက ဘာကြောင့်အရေးကြီးတာလဲ

ခေါင်းဆောင်တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ကိုယ့်လက်အောက်မှာရှိတဲ့ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲခြင်းနဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခြင်းတွေထက် သာလွန်ပါတယ်။ ခေါင်းဆောင်တွေဟာ သေချာမှုမရှိတဲ့အခြေအနေတွေမှာ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ကြရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စဉ်ဆက်မပြတ်လေ့လာမှုက အရေးပါလာပါတယ်။ ဒီနေ့ခေတ်လို ရှုပ်ထွေးလှတဲ့စီးပွားရေးပတ်ဝန်းကျင်မှာ အတွေးအမြင်သစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေ၊ လိုက်လျောညီထွေလုပ်ကိုင်နိုင်မှုတွေအားလုံးဟာ ခေါင်းဆောင်တွေအတွက် အရေးပါလာတာကြောင့် အမြဲတစေလေ့လာသင်ယူနေဖို့ လိုအပ်လာပါတယ်။

 

၁။ အပြောင်းအလဲများနဲ့ လုပ်ငန်းဆောင်တာများလုပ်ဆောင်ခြင်း

လုပ်ငန်းတွေမှာ ပုံသေဖြစ်နေကြအရာတစ်ခုက ပြောင်းလဲမှုဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူလိုတဲ့ခေါင်းဆောင်တွေဟာ အသစ်အသစ်ပေါ်လာတဲ့ trend တွေ၊ technology တွေအတွက် ပြင်ဆင်ပြီးသားလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးလေ့လာသင်ယူနေတဲ့အတွက် business model တွေ၊ နည်းပညာတွေ၊ strategy တွေ အသစ်ပေါ်ပေါက်လာတဲ့အခါ နောက်ကျမကျန်ဘဲ အမှီလုပ်ဆောင်နိုင်လာပါတယ်။

၂။ တီထွင်ဖန်တီးမှုတွေကို အားပေးခြင်း

စဉ်ဆက်မပြတ်လေ့လာနေကြတဲ့ ခေါင်းဆောင်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ပတ်ဝန်းကျင်ကို ပျိုးထောင်ပေးပါတယ်။ နောက်ဆုံးပေါ် အသိပညာတွေနဲ့ trend တွေကို အမှီလိုက်နိုင်လာတာကြောင့် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ team တွေကို ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်နိုင်စေဖို့၊ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့နဲ့ တီထွင်ဖန်တီးနိုင်လာစေဖို့ တွန်းအားပေးနိုင်ကြပါတယ်။ တီထွင်ဖန်တီးနိုင်တဲ့ culture ဟာ လုပ်ငန်းတွေရဲ့အားသာချက်ကို ရှာဖွေရာမှာ အရေးကြီးပါတယ်။

၃။ လျင်လျင်မြန်မြန်ပြောင်းလဲနိုင်တဲ့ team များ ဖွဲ့စည်းခြင်း

စဉ်ဆက်မပြတ် လေ့လာသင်ယူနေခြင်းဟာ personal development အတွက်သာမက team တစ်ခုလုံးကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ learning and development ကို ဦးစားပေးတဲ့ခေါင်းဆောင်တွေဟာ အလိုက်သင့်ပြောင်းလဲနိုင်မှုကို လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်စေဖို့ တွန်းအားပေးပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် မမျှော်လင့်တဲ့အပြောင်းအလဲတွေနဲ့ကြုံလာတဲ့အခါ လုပ်ငန်းတွေအနေနဲ့ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။

၄။ ဆုံးဖြတ်နိုင်စွမ်းတွေမြင့်မားလာခြင်း

ခေါင်းဆောင်တွေအနေနဲ့ ပိုလေ့လာလေလေ သူတို့ရဲ့ဆုံးဖြတ်ချက်တွေ ပိုကောင်းလာလေလေဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ လုပ်ငန်းကဏ္ဍအသီးသီးမှာ ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်နားလည်လာစေနိုင်တဲ့အတွက် risk တွေ ကြိုသိပြီး လျော့ပါးအောင်ရှောင်နိုင်အောင် လုပ်ဆောင်နိုင်စေပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူတဲ့ culture တစ်ခုကို ဘယ်လိုပုံဖော်မလဲ။

စဉ်ဆက်မပြတ်လေ့လာတဲ့ culture ကို ဖန်တီးခြင်းဟာ လုပ်ငန်းထိပ်ပိုင်းကနေ စတင်ပါတယ်။ ဥပမာအနေနဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် professional development ကိုလုပ်ဆောင်နေရင်းနဲ့ သူတို့လက်အောက်က team တွေကိုလဲ လုပ်ဆောင်လာနိုင်စေဖို့ အားပေးပါတယ်။

၁။ learning လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေကို တွန်းအားပေးခြင်း

formal training တွေ၊ workshops တွေ သို့မဟုတ် online သင်ကြားမှုတွေကတစ်ဆင့် လေ့လာသင်ယူနိုင်တဲ့ အခွင့်အရေးတွေကို ပေးနိုင်ဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ သူတို့ team က လူတွေကို သင့်တော်တဲ့ လေ့လာသင်ယူမှုအခွင့်အရေးတွေ အသုံးချလာစေဖို့ တွန်းအားပေးသင့်ပါတယ်။

၂။ ဗဟုသုတနဲ့ အတွေးအမြင်များအားမျှ‌‌‌ဝေခြင်း

learning culture တစ်ခုကို တွန်းအားပေးနိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ ဗဟုသုတမျှဝေခြင်းဖြစ်ပါတယ်။ ပုံမှန် team meeting တွေ၊ brainstorming sessions တွေ၊ ညှိနှိုင်းဆွေးနွေးခြင်းတွေမှာ အတွေးအမြင်တွေ၊ လေ့လာမှုတွေကိုမျှဝေခြင်းဟာ အလွန့်အလွန်ကို အကျိုးကျေးဇူးရှိနိုင်ပါတယ်။

၃။ နည်းပညာရဲ့အရှိန်အဝါ

e-learning platforms တွေ၊ digital tools တွေ ပေါ်ပေါက်လာတဲ့အတွက် သင်ယူလေ့လာခြင်းဟာ ပိုလွယ်ပြီးအဆင်ပြေလာပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ သူတို့ကိုယ်တိုင်အတွက်ရော သူတို့ team တွေအတွက်ရော စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ဖို့အတွက် ဒီနည်းပညာတွေကိုအသုံးပြုသင့်ပါတယ်။

၄။ Growth Mindset မွေးမြူခြင်း

နောက်ဆုံးအနေနဲ့ကတော့ လုပ်ငန်းတွင်းမှာ growth mindset မွေးမြူဖို့ အရေးကြီးပါတယ်။ ဒီထဲမှာ စိန်ခေါ်မှုတွေကိုလက်ခံဖို့၊ idea အသစ်တွေ ပေါ်ပေါက်လာစေဖို့နဲ့ ရှုူံးနိမ့်မှုတွေကနေ လေ့လာသင်ယူနိုင်စေဖို့တို့ ပါဝင်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် အနာဂတ်ခေါင်းဆောင်တွေအနေနဲ့ အမှန်တကယ်အသင့်ဖြစ်နေစေဖို့ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ သူတို့ရဲ့ဘဝခရီးလမ်းမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီလိုလေ့လာနေခြင်းဟာ သူတို့ရဲ့စွမ်းဆောင်ရည်တွေတိုးတက်ဖို့သာမက သူတို့လုပ်ငန်းတွေအောင်မြင်မှုနဲ့ လုပ်ငန်းဆက်လက်တည်ရှိနေစေဖို့အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ အမြဲပြောင်းလဲနေတဲ့ စီးပွားရေးလောကထဲမှာ လေ့လာမှုရှိတဲ့ခေါင်းဆောင်တွေကသာ အနာဂတ်ကို ပုံဖော်နိုင်မယ်ဆိုတာ အသေအချာဘဲဖြစ်ပါတယ်။

LinkIn မှ AG Consulting LLC ဧ။် The Role of Continuous Learning in Shaping Future-Ready Leaders ကို ဆီလျော်စွာပြန်ဆိုထားပါတယ်။

Reference:

https://www.linkedin.com/pulse/role-continuous-learning-shaping-future-ready-leaders-u5agc?utm_source=share&utm_medium=member_android&utm_campaign=share_via

Daw May Ye Myint Zon

Tutor, Strategy First Int’l College

BBM (Q, NMDC), BA (Eng) (YU of Distance Education), MBA (YUE)