SFU Certificate in

Own Business Management (Online)

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက် SFU Certificate in Own Business Management (Online) သင်တန်း ကိုစတင် ဖွင့်လှစ်သွားပါမည်။
သင့်လုပ်ငန်းတိုးတက်ဖို့ နည်းလမ်းများကို ရှာဖွေပါ။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေဖြင့် မိရိုးဖလာ ကိုယ်ပိုင်လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲလာရာမှတိုးတက်ပြောင်းလဲနေသော စီးပွားရေးဈေးကွက်တွင် မိမိလုပ်ငန်းတိုးတက်ဖို့အတွက် နည်းလမ်းများကို ရှာဖွေဖို့ လိုအပ်လာပါသည်။
Strategy First တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအတွက် Certificate in Own Business Management (Manage your Business) (Online) သင်တန်း ကိုအွန်လိုင်း သီးသန့် ဖွင့်လှစ်သွားပါမည်။

မိမိ ကိုယ်ပိုင်လုပ်ငန်းများကိုစနစ်တကျ ဘယ်လိုစီမံခန့်ခွဲမလဲ?

ဆရာကြီး၊ ဆရာမကြီးများမှလည်း လုပ်ငန်းရှင်များအတွက် မိမိစီးပွားရေးလုပ်ငန်းတွင် လိုအပ်သောစွမ်းဆောင်ရည်များ ၊ စီမံခန့်ခွဲမှုဆိုင်ရာသဘောတရားများ၊ စီမံခန့်ခွဲသူတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများ နှင့် မိမိလုပ်ငန်းရဲ့ အရှုံးအမြတ်စာရင်းတွေ၊ ဈေးကွက်တွင် ထိုးဖောက်ရန်အတွက် ကောင်းမွန်သော ကြော်ငြာများ နှင့် အရောင်းမြှင့်တင်မှုပိုင်းဆိုင်ရာ များကို လည်းသင်ကြားပေးသွားပါမည်။ ထို့အပြင် လုပ်ငန်းထဲတွင် ထုတ်လုပ်မှုနှင့် လုပ်ငန်းစဉ် လည်ပတ်ခြင်းဆိုင်ရာသဘောတရားများ၊ ဝန်ထမ်းပိုင်ဆိုင်ရာ ရွေးချယ်ခန့်ထားခြင်းအကြောင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အတွေ့ကြုံရှိ ဆရာကြီး၊ ဆရာမကြီးများမှ Lecture Videos + Workshops (ZOOM) များ ဖြင့် သင်ကြားပေးသွားပါမည်။ သင်တန်းတက်ရောက် ရမည့်ပုံစံ သည် လုပ်ငန်းရှင်များအတွက် မိမိတို့ အဆင်ပြေသော အချိန်တွင် ကြိုတင်ရိုက်ကူးထားသည့် သင်ခန်းစာ Video များကို ကြိုတင်လေ့လာရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုချင်းဆီအလိုက် လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Face to Face Online Workshop အတန်းချိန်များကို Online မှ ZOOM ဖြင့် တက်ရောက်ပေးရပါမည်။

သင်ကြားပေးမည့် ဘာသာရပ်ခေါင်းစဉ်များနှင့် ဆရာ၊ ဆရာမများ

Certificate in Own Business Management (54 hours)
1. General Management
ပါမောက္ခ ဒေါက်တာဒေါ်လှ မြင့် , B. Com (Hons), M. Com, D.Litt (YIE)
2. Human Resource Management
ဒေါက်တာ ဒေါ်ဥမ္မာမြင့်, Ph.D. (HRM, Delhi), M. Com, B. Com (Hons, YIE)
3. Financial Management
ဒေါ် ဌေးဌေးမြင့် , M. Com, B. Com (Hons, YIE)
4. Operations Management
ဒေါ်အေးအေးဝင်း , M.A (Int’l Business Studies, Sophia University , Japan), M. Com, B. Com (Hons, YIE), Diploma in English
5. Marketing Management,
Strategies for entrepreneurs,
ဦးအောင်ချစ်ခင်, MBA (Nottingham), PG Dip M, Dip M (CIM, UK) Founder/ President (Strategy First University)
6. Soft Skills for Leader
ဦးအောင်ချစ်ခင်, MBA (Nottingham), PG Dip M, Dip M (CIM, UK) Founder/ President (Strategy First University)

သင်ကြားမှုပုံစံ (Lecture Videos + Online Discussion Workshop)

“သင်ခန်းစာများကို Online Only ဖြင့် သင်ကြား ပေးသွားမည် ဖြစ်သည်။”
၁။ ဘာသာရပ်တစ် ခု တွင် ဆရာကြီး၊ဆရာမကြီးများမှကြိုတင်ရိုက်ကူးထားသော ဗီဒီယိုသင်ခန်းစာများ (၅) နာရီ စာ ကို Online တွင် (၁) ပတ်ကြာ လေ့လာပြီးပါက တစ်ဘာသာချင်းဆီအလိုက် လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Face to Face online workshop အတန်းချိန် (၂) ချိန် တက်ရောက်ပေးရပါမည်။ စုစုပေါင်း ဘာသာရပ် (၆) ခုစာ အတွက် Lecture Video နာရီ ပေါင်း (၃၀) နှင့် ZOOM Discussion (၁၂) ကြိမ် (၂၄)နာရီ စာ တက်ရောက်ရပါမည်။
စုစုပေါင်း သင်တန်းကာလ ကြာ ချိန် မှာ (၃လ) ကြာမြှင့်ပါမည်။