ICM Single Subject Diploma in

Strategic Management

သင်ကြားမည့် အချိန် နှင့် ပုံစံ

🏢 မြေနီကုန်း ကျောင်းခွဲ

Class Code : SFU-ICM-SM-19-01
Lecturer : ဒေါက်တာသောင်းဟန်, M.B, B.S (Institute of Medicine, Mandalay), DBI (Yangon University), EMBA (Yangon Institute of Economics), MBA (Purdue University), Ph.D (University of Texas, El Paso)
Starting Date : 21 March 2020
Day and Time : Saturday (3:00 pm to 5:30 pm)
Duration : 5.5 months

သင်တန်းကြေးနှင့် ပေးသွင်းနိုင်သည့်ပုံစံများ

ICM Single Subject Diploma in Strategic Management ဘာသာ ရပ် အတွက် သင်တန်းကြေးမှာ (465,000 ) ကျပ်ကျသင့်မည်ဖြစ်ပါသည်။

* Online Registration Discount – 100,000ks
* Old Student Discount – 40,000ks
* Refer Discount – 20,000ks
* သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်သည်။
* အထူးအဆင်ပြေသော AEON နဲ့လည်းသွင်းနိုင်သည်။
* Cash Down ပေးချေပါက ၅% ခံစားခွင့်ရှိသည်။
* Onepay ဖြင့် သင်တန်းကြေးပေးသွင်းနိုင်သည်။

သင်တန်းပြီးဆုံးပြီး The Institute of Commercial Management(UK) မှ ကျင်းပသော စာမေးပွဲကိုဝင်ရောက်ဖြေဆိုလိုပါက Exam+Registration Fees 110USD နှင့် ညီမျှသော မြန်မာငွေကျပ် ထပ်မံပေးသွင်းပြီးဝင်ရောက်ဖြေဆိုကာ Single Subject Diploma ရယူနိုင်ပါသည်

+ (110 USD နှင့် ညီမျှသော မြန်မာငွေကျပ်) for exam & registration

သင်ကြားမည့်နေရာ

Myaynigone Teaching Centre 2 – အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

သင်ကြားမည့်ဆရာ

ဘာသာရပ်အကြောင်း

Strategic Management ဘာသာရပ်တွင် လုပ်ငန်း၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ပြီးမြောက်ရန်အတွက် လုပ်ငန်း၏နည်းဗျူဟာ အဆင့်မှ အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း များကို လေ့လာရပါမည်။ Strategic Management ၏ အဓိက လုပ်ဆောင်ချက်များသည် လုပ်ငန်းအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ၊ နည်းပညာ အပြောင်းအလဲများ အပေါ်သုံးသပ်လေ့လာပြီး လုပ်ငန်း၏ ရည်မှန်းချက်မှတ်တိုင်များ ချမှတ်ခြင်း၊ လုပ်ငန်း၏တန်ဖိုး (Value) သတ်မှတ်ခြင်းများကို လေ့လာရမည်ဖြစ်သည်။

ထို့နောက်သတ်မှတ် ထားသော ရည်မှန်းချက်များပြည့်မှီရန်အတွက် ရေးဆွဲထားသည့် နည်းဗျူဟာများအပေါ် မှုတည်၍ ဆုံးဖြတ်ချက် များနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များ (Action Plans) ရေးဆွဲခြင်း၊ ထိုအစီအစဉ်များ အသက်ဝင်လာရန်အတွက် လိုအပ်သော လုပ်ငန်းအတွင်းရှိ အရင်း အမြစ်များ၊ ဌာနများနှင့် ပူးတွဲလုပ်ကိုင်ပြီး နည်းဗျူဟာမြောက်အကောင်အထည် ဖော်ခြင်းများပါ၀င်ပါသည်။

KPIs များသတ်မှတ်ပြီးရေးဆွဲထားသော အစီအစဉ်များ (Plans) သည် သတ်မှတ်ထားသော ရည်မှန်းချက်အတိုင်း မည်သည့်အခြေအနေ ရောက်ရှိသည်ကို တိုင်းတာလေ့လာပြီး ပြောင်းလဲပြင်ဆင်သင့်သည့်များကို လည်းလေ့လာရပါမည်။

ဘယ်သူတွေတက်ရောက်သင့်လဲ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ ၊ ကုမ္ပဏီ၏ Management Level တွင် ဝင်ရောက်လုပ်ကိုင်နေသော မန်နေဂျာများ လက်ထောက် မန်နေဂျာများ နှင့် Strategic Management အပိုင်းကို စိတ်ဝင်စားသူများ တက်ရောက်သင့်ပါသည်။

သင်ကြားမည့် အကြောင်းအရာများ

• Stages of Strategic Management
• Strategic Management Model
• Business Ethics & Strategic Management
• Types of Strategies
• Generic Strategies
• Components of a Business Mission
• Nature of an External Audit
• Forecasting Tools & Techniques
• Competitive and Industry Analysis
• Nature of an Internal Audit
• Relationships Among Functional Areas
• Internal Factor Evaluation Matrix
• Nature of Strategy Analysis & Choice
• Strategy Formulation Framework
• Politics of Strategy Choice
• Nature of Strategy Implementation
• Managing Resistance to Change
• Creating a Strategy-Supportive Culture
• Strategy-Evaluation Framework
• Characteristics of an Evaluation System
• Contingency Planning