
ဘာသာရပ်အကြောင်း
ICM Single Subject Diploma in Project Management (PM) ဘာသာရပ်မှာ သင်ကြားမည့် အကြောင်းအရာများကတော့
Project တစ်ခုကို လုပ်ကိုင်တဲ့အခါ သိသင့်သိထိုက်ပြီး လိုအပ်နေတဲ့ အခြေခံသဘောတရားများအပြင် အဖွဲ့အစည်းများအတွက် စီမံကိန်းရေးဆွဲနည်းများ၊ မဟာဗျူဟာကျ စီမံခန့်ခွဲမှုနှင့် Project များ ရွေးချယ်ခြင်း၊ Project Manager တစ်ယောက်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ပြဿနာများကို ဖြေရှင်းခြင်း၊ Project တစ်ခုအတွက် ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ စီမံကိန်းများကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ စီမံကိန်းများကို လုပ်ဆောင်စစ်ဆေးခြင်းနှင့် အဆုံးသတ်ခြင်း စသည်တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။
ဘယ်သူတွေတက်ရောက်သင့်လဲ
ဆောက်လုပ်ရေးလုပ်ငန်းများ၊ NGO များမှ Project Manager များ၊ Project တာဝန်ထမ်းဆောင်နေသူများနှင့် Project Management ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် အထူးသင့်တော်သော သင်တန်းတစ်ခုဖြစ်ပါသည်။
ICM Single Subject Diploma in Project Management
ဘာသာရပ်တွင် အသေးစိတ်သင်ကြားရမည့် ခေါင်းစဉ်များမှာ
• Projects in Contemporary Organizations
• Strategic Management & Project Selection
• The Project Manager
• Project Organization
• Project Planning
• Conflict & Negotiation
• Budgeting & Cost Estimation
• Scheduling & Resource Allocation
• Monitoring & Information Systems
• Project Control
• Project Auditing
• Project Termination
သင်ကြားမည့်ဆရာ

Lecturer
Daw Aye Aye Win
B.Com (Hons), M.Com(YIE), Diploma in English, M.A (International Business Studies) (Sophia University, Japan)
သင်ကြားမည့်ပုံစံ
ICM Single Subject Diploma သင်တန်းများကို On Campus/ Online ဖြင့် သင်ကြား ပေးသွားမည် ဖြစ်သည်။
- Online သင်ကြားမှုပုံစံ
- ဆရာကြီး၊ဆရာမကြီးများမှ ကြိုတင်ရိုက်ကူးထားသောသင်ခန်းစာ videos များနှင့် lecture slides များကို Moodle Application/ Website (pd.strategyfirst.edu.mm) မှတဆင့် ကြည့်ရှု့လေ့လာပေးရမည်ဖြစ်ပြီး လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Discussion အတန်းချိန်များကို သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း အပတ်စဉ် တစ်ပတ်(၁)ရက် Online မှ Zoom application ဖြင့် (၃) လခွဲ တက်ရောက်ရမည် ဖြစ်ပါသည်။
- On Campus သင်ကြားမှုပုံစံ
- ဆရာကြီး၊ဆရာမကြီးများမှ ကြိုတင်ရိုက်ကူးထားသောသင်ခန်းစာ videos များနှင့် lecture slides များကို Moodle Application /Website (pd.strategyfirst.edu.mm) မှတဆင့် ကြည့်ရှု့လေ့လာပေးရမည်ဖြစ်ပြီး လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Discussion အတန်းချိန်များကို သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း အပတ်စဉ် တစ်ပတ်(၁)ရက် Campus ၌ (၃) လခွဲ တက်ရောက်ရမည် ဖြစ်ပါသည်။
သင်တန်းကြေးနှင့် ပေးသွင်းနိုင်သည့်ပုံစံများ
သင်တန်းကြေးအသေးစိတ်
- On Campus သင်တန်းကြေး – 355000 ကျပ် + Textbook Fees
- Online သင်တန်းကြေး – 295000 ကျပ် + Textbook Fees
- Old Student Discount – 20000 ကျပ် (Save)
- Referral Discount – 10000 ကျပ် (Save)
သင်တန်းကြေးပေးသွင်းပုံများ
- *သင်တန်းကြေးများကို အရစ်ကျ (၂)ကြိမ်အရစ်ကျခွဲသွင်းနိုင်ပါသည်။
- သင်တန်းကြေးကို တစ်ခါတည်းပေးသွင်းပါက Cash Down (10%) Discount ရရှိပါမည်။
- သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်
- Wave Money
- KBZ Pay
- AYA Pay
- Mobile Banking (AYA, KBZ, CB, Yoma ) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။
ICM UK စာမေးပွဲ ဖြေရမည့်ပုံစံ
Remote Assessment ဖြင့်ဖြေဆိုရပါမည်။ Remote Assessment ဆိုသည်မှာ စာမေးပွဲမေးခွန်းများရရှိပါက မိမိတို့နေအိမ်မှ Online ဖြင့် Assignment ပုံစံ ဖြေဆိုရပါမည်။
စာမေးပွဲကြေး
- Exam Fees + Registration Fees – 110 USD နှင့်ညီမျှသောမြန်မာငွေကျပ်။
- (ICM ဘက်မှစာမေးပွဲကြေးအပြောင်းလဲရှိပါကပြောင်းလဲကောက်ခံပါမည်။)
သင်တန်းတက်ရောက်ရန်အတွက်လိုအပ်ချက်များ
-
အသက်(၁၈)ပြည့်ပြီးသူဖြစ်ရပါမည်။
-
ပညာအရည်အချင်း (၁၀)တန်းအောင်မြင်သူပြီးသူ (သို့မဟုတ်) ဘွဲ့တခုခုရပြီးသူ ဖြစ်ရပါမည်။