Strategy First University

Forum 2017 : Strategies for Myanmar

5 March, 2017

Strategy First University

Forum 2017 : Strategies for Myanmar

5 March, 2017

Strategy First Forum 2017 - Strategies for Myanmar အောင်မြင်စွာကျင်းပပြီးစီး


Strategy First Institute ၏ တတိယအကြိမ်မြောက် နှစ်စဉ်ဆွေးနွေးပွဲ Strategy First Forum 2017 ကို မတ်လ(၅)ရက် တနင်္ဂနွေနေ့ အမျိုးသားကဇာတ်ရုံတွင် "Strategies For Myanmar" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

စီးပွားရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ အထူးဧည့်သည်တော်ကြီးများမှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Strategy First မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

ဟောပြောဆွေးနွေးပေးပါသော ဆရာကြီး၊ ဆရာမကြီးများနှင့် အထူးဧည့်သည်တော်ကြီးများ၊ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များ၊ မီဒီယာမှ မိတ်ဆွေများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ၊ အခမ်းအနာမှူးအဖြစ်ကူညီပေးသော ကျောင်းသူများဖြစ်သည့် မဝေဝေယု (Orchid) နှင့် မမေလှိုင်းဖြူ၊ မေတ္တာဖြင့် ပါဝင်ကြသော Premier Coffee၊ Royal D Electrolyte Beverage၊ Throatsil Lozenges တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။