
Strategy First University (Mandalay) Students' Networking Event ကို Teaching Centre -1 နဲ့ Teaching Centre – 2 တို့ မှာ ကျင်းပပြုလုပ်ခဲ့
Students' Networking Event တွင် ကျောင်းသားကျောင်းသူများအတွက် အကျိုးရှိစေမည့် ဟောပြောမှုများ၊ Strategy First University တွင် UK ဘွဲ့များရရှိရန် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူများ၏ အတွေ့အကြုံ ဆွေးနွေးမှုများ ၊ Strategy First University ဘွဲ့ကြိုအတန်းအသီးသီးတွင် တက်ရောက်နေသော ကျောင်းသား ၊ ကျောင်းသူများ၏ အဆို ၊ အက ၊ ပြဇာတ်၊ အငြိမ့် နှင့် ဖျော်ဖြေရေး အစီအစဉ်များ၊ Extracurricular Activity Clubs and Societies များမှ ကျောင်းသား၊ ကျောင်းသူများ၏ game အစီအစဉ်များ၊ အရောင်းဆိုင်ခန်းများဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများအတွက် ပါဝင်အားဖြည့်ကူညီပေးပါသော Royal-D ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ Undergraduate Programme မှ ကျောင်းသား၊ ကျောင်းသူများ၊ ပွဲတွင်ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ Club Members အသီးသီး နှင့် Volunteer များကိုလည်း Strategy First University မှ ကျေးဇူးအထူးတင်ရှိပါသည်။