ငလျင်ဒဏ်ကြောင့် ဆုံးပါးသွားသော ကျောင်းသူများနှင့် ပြည်သူများအတွက် ရည်စူးအလှူ တရားနာ
ငလျင်ဒဏ်ကြောင့် ဆုံးပါးသွားသော ကျောင်းသူများနှင့် ပြည်သူများအတွက် ရည်စူးအလှူ တရားနာ
……………..
မတ်လ (၂၈) တွင် လှုတ်ခတ်သွားသော အင်အားပြင်းငလျင်ဒဏ်ကြောင့် ဆုံးပါးသွားသော ပြည်သူများနှင့် Strategy First မှ ကျောင်းသူများဖြစ်ကြသည့် မမြတ်နိုးဝေ၊ မစောယုနန္ဒာ၊ မစုနဒီဦး၊ မပန်းနုနှင်းရီ မိသားစုတို့ကို ရည်စူးပြီး Strategy First Panchan Tower Teaching Centre ၌ ဧပြီလ (၅) ရက်နေ့က သံဃာတော်များကို ပင့်ဖိတ်ကာ တရားနာယူ၊ ရေစက်ချ အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။