ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ
မေလ (၁၀) ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် Strategy First မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝန်ထမ်းများ မှ ကိုးထပ်ကြီးဘုရားရှိ မဟာဗောဓိပင်ကို လက်ယာရစ် ၃ ပတ်ပူဇော်ညောင်ရေသွန်းခဲ့ကြပြီး ဘုရား၀တ်ပြုပူဇော်ခြင်းများပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားအပြီး ဗုဒ္ဓဂါယာဘုရားဖူးကုသိုလ်အဖြစ် လာရောက်ကုသိုလ်ယူကြသောကျောင်းသားကျောင်းသူများကိုမဲဖောက်ပေးခဲ့ရာ ABE Level 5 အတန်းမှကျောင်းသူ မဆုရွှန်းလဲ့မေ မှ ဘုရားဖူးခရီးစဉ်မဲပေါက်သွားခဲ့ပါသည်။
ထို့နောက် Strategy First (Teaching Centre-1) ၌ ဆရာတော် သံဃာတော်များကို သင်္ကန်းစသော လှူဖွယ်များဆပ်ကပ် လှူဒါန်းပြီး နေ့ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ကြွရောက်လာသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ ကို တက်ရောက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများ ကျောင်းသားကျောင်းသူများ နှင့် ၀န်ထမ်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။