Strategy First Festival 2025 (Student Success and Innovation) အခမ်းအနား

Strategy First Festival 2025 (Student Success and Innovation) အခမ်းအနားမှ အမှတ်တရပုံရိပ်များ

.................

🎉✨ ဇွန်လ (၈) ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သော Strategy First Festival 2025 (Student Success and Innovation) Morning Session မှ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။

Morning Session တွင်

- ယနေ့ခေတ် လူငယ်များအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကို အတွေ့အကြုံရှိ ဝါရင့် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများမှ ၁၀ မိနစ်အတွင်း ထိ‌ရောက်စွာ ဟောပြောပို့ချပေးခဲ့သည့် “10-Minute Power Talks” အစီအစဉ်၊

- Global Pathways International School တွင် တက်ရောက်နေသော ကျောင်းသူများ၏ “ဗုဒ္ဓပူဇနိယ ဆီမီးခွက်” အက အလှများ၊

- Strategy First Dance Club မှ ကျောင်းသား၊ ကျောင်းသူများ၏ “အပျိုတော်အကနှင့် သန့်စင်ဓမ္မ ပုဂါရာမ” ပုဂံခေတ် ပူဇော်ဟန်အကဖြင့် ဖျော်ဖြေခြင်း၊

- Mobile Application Plan Competition Plan 2024, AI Hackathon 2025, Business Plan 2024 တို့တွင် “Winner” ဆုရရှိခဲ့ကြသူများ၏ ပြိုင်ပွဲ အတွေ့အကြုံများကို မျှဝေခြင်း၊

- Strategy First တွင် တက်ရောက်နေသော UK ဘွဲ့ကြိုအတန်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ Innovation Project Showcase များ၊

- Global Pathways International School မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသံသာများဖြင့် ဖျော်ဖြေခြင်း၊

- UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ၏ “Ballroom Dance”အကအလှများဖြင့် တင်ဆက်ခြင်း၊

- Strategy First Music Club မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊

- UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်ပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြသော President’s List ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားမှု အတွေ့အကြုံများ မျှဝေခြင်းနှင့်

- တေးသံရှင် မိစန္ဒီ၏ သီဆိုဖျော်ခြင်း

အစရှိသည့် အစီအစဉ်များပါဝင်ခဲ့ပါသည်။

💼✨ ဒါ့အပြင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် Strategy First နှင့် မိတ်ဖက်ပြုလုပ်ထားသော ထိပ်တန်းကုမ္ပဏီများနှင့် Job Fair ကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး

🎁🎊 ပွဲအတွင်းစားသောက်ဆိုင်များ၊ SME လုပ်ငန်းရှင်များ၏ စားသောက်ကုန်၊ အ၀တ်အထည်များနှင့် Accessories အရောင်းဆိုင်များလည်း ပါဝင်ရောင်းချခဲ့ကြပါသည်။ 🥳

“Strategy First Festival 2025” အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ Guest Speaker များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် မိတ်ဆွေများ အားလုံးကို Strategy First မှ ကျေးဇူးအထူးပင်တင်ရှိပါသည်။