"Strategy First Education Group မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူ"
"Strategy First Education Group မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူ"
……………………………
စုပေါင်းမဟာဘုံကထိန်အလှူများကို Strategy First Education Group Yangon မှ အောက်တိုဘာလ (၁၇) ရက်နေ့တွင် အင်ကြင်းမြိုင်ကျောင်းတိုက်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ရတနာလင်္ကာရကျောင်းတိုက်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ထော်သိုကျောင်းတိုက်နှင့် Strategy First Education Group Mandalay မှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် မာန်အောင်ကျောင်းတိုက် (ရေကန်ကျောင်း) များသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများမှ သံဃာတော် အပါး (၁၀၀) အတွက် သင်္ကန်းများ၊ ဆွမ်းခဲဖွယ်များ၊ ဆေးဝါးများနှင့် လှူဖွယ်အစုစုတို့ကို စေတနာသုံးတန်ပြဌာန်းကာ လှူဒါန်းခဲ့ပါသည်။
ပါဝင်လှူဒါန်းခဲ့ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများကို Strategy First မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
……………………………
Strategy First Education Group ၏ စုပေါင်းမဟာဘုံကထိန်အလှူဒါန အစုစုကို ကုသိုလ်ပွားများနိုင်စေရန် အမျှပေးဝေအပ်ပါသည်။
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုကြပြီး ထပ်တူကုသိုလ်ရရှိကြပါစေ။